
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပြည်သူများအား စားသုံးသူ အခွင့်အရေး အပြည့်အဝရရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ ပိုမိုသိရှိ စေရန်အတွက် အသိပညာပေးဟောပြောပွဲများကျင်းပြုလုပ်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်အိအိထွေး၊ ဦးစီးအရာရှိ၊ ဦးတင်ချစ်ကောင်း၊ ဦးစီးအရာရှိ နှင့်အဖွဲ့သည် ၁၁.၇.၂၀၂၅ရက် (သောကြာနေ့) နံနက်(၁၀:၃၀)အချိန်၌ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်ရှိ အ.ထ.က(၁၂)တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စားသုံးသူအခွင့်အရေးများသိရှိပြီးနားလည်ပြီး အခွင့်အရေး အပြည့်အဝရရှိစေရန်၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ ကုစားခွင့်ရရှိစေရန်နှင့် တိုင်ကြား နိုင်သည့် နည်းလမ်းများသိရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ (၇)ဦး၊ ကျောင်းသား/ကျောင်းသူ ၂၀၀ ခန့် တက်ရောက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား စားသုံးသူနစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ အလွယ်တကူဆက်သွယ်နိုင်ရန် ၁၅၃၅သို့ ဖုန်းခေါ်ဆိုခြင်းများအား လက်တွေ့ဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက် ကျောင်းတွင်းရှိ ကျောင်းမုန့်ဈေးတန်းသို့ သွားရောက်ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရောင်းချလျက်ရှိသော မုန့်ပဲသရေစာများအား ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင်ပါဝင်ရမည့်အချက်များနှင့် ကိုက်ညီမှုရှိမရှိစစ်ဆေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် အစားအစာများကိုသာ ရွေးချယ်ရောင်းချစေရေး အသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)