တောင်ကိုရီးယားနိုင်ငံ၏ တင်ပို့ကုန်များ ကျဆင်းလာ

Powered by Drupal

     တောင်ကိုရီးယားနိုင်ငံ၏ တင်ပို့ကုန်များသည် ဇူလိုင်လ ၂၀ ရက်အတွင်းတွင် အမေရိကန် နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ဝယ်လိုအားနည်းလာမှုကြောင့် ကျဆင်းလာခဲ့ကြောင်း အကောက်ခွန်ရုံး၏ အချက်အလက်များအရ သိရပါသည်။ ဇူလိုင်လ ၁ရက်နေ့မှ ၂၀ ရက်နေ့အတွင်းတွင် နိုင်ငံခြားကုန်သွယ်မှုများ ၂.၂ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ကျဆင်းခဲ့ကြောင်း ကိုရီးယားနိုင်ငံ အကောက်ခွန်ဌာန၏ အဆိုအရ သိရပါသည်။ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံသို့ တင်ပို့သည့် တင်ပို့ကုန်များ ၂.၁ ရာခိုင်နှုန်းနှင့် ၅.၈ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ပြီး ဥရောပ သမဂ္ဂ၊ ဗီယက်နမ် နှင့် အိန္ဒိယ နိုင်ငံသို့တင်ပို့သည့် တင်ပို့ကုန်များမှာ မြင့်တက်လျက်ရှိကြောင်း သိရပါသည်။

  DOCA(ရန်ကုန်)