
လာအိုနိုင်ငံ စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ် နှင့် ၂၀၃၀ ခုနှစ်အတွင်းတွင် လုပ်ဆောင်မည့် စက်မှုလက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေး ဖွံဖြိုးတိုးတက်မှု စီမံကိန်းမူကြမ်းကို ပြန်လည်သုံးသပ်ရန်အတွက် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရပါသည်။ အဆိုပါအစည်းအဝေးပွဲကို ဇူလိုင်လ ၂၁ ရက်နေ့တွင် လာအိုမြို့တော် Vientiane မြို့၌ လာအိုနိုင်ငံ စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Malaithong Kommasith မှ ဥက္ကဌအဖြစ် ဦးဆောင်ပြီး တစ်ခြားကဏ္ဍများမှ အရာရှိများနှင့် ကျင်းပပြုလုပ် ခဲ့ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့တွင် ၎င်းဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာအရ သိရပါသည်။ အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် လျင်မြန်စွာပြောင်းလဲနေသော ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာအပြောင်းအလဲများနှင့်အညီ လိုက်လျောညီထွေရှိစေရန်နှင့် ၂၀၂၆-၂၀၃၀ ခုနှစ်အတွက် ၁၀ ကြိမ်မြောက် ၅ နှစ်တာ အမျိုးသား လူမှုရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို အထောက်အကူ ပြုစေရန် ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ရှင်းလင်း၍ လက်တွေ့ အကောင်ထည်ဖော်လုပ်ဆောင်နိုင်သော စီမံကိန်း ဖွံဖြိုးတိုးတက်ရေးကို အလေးပေးဆွေးနွေးခြင်းသည် လာအိုနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခိုင်ခံ့စေရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် နိုင်ငံတကာအားပြိုင်မှုတွင် အဆင့်မြင့်တင်ရန် တို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရှိရပါသည်။
Source: Xinhua
DOCA(ရန်ကုန်)