ဒုတိယသုံးလပတ်ကာလတွင် GM ၏ အသားတင် အမြတ်ငွေများ ၃၅ ရာခိုင်နှုန်းခန့် ရုတ်တရက်ထိုးကျ

Powered by Drupal

              General Motors (GM) မှ လုပ်ငန်းရှင်များ၏ အသားတင်အမြတ်ငွေများသည် ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်ကာလတွင် အမေရိကန်နိုင်ငံသို့ အခွန်ဒေါ်လာ ၁.၁ ဘီလီယံခန့်ပေးဆောင်ရ ခြင်း‌ကြောင့် ၃၅.၄ ရာခိုင်နှုန်းအထိ ရုတ်တရက် ကျဆင်းသွားကြောင်း သိရပါသည်။ GM ၏ ဒုတိယသုံးလပတ် ကာလအတွင်း ဝင်ငွေသည် တစ်နှစ်ထက်တစ်နှစ် ဒေါ်လာ၄၇.၁၂ ဘီလီယံခန့် ၁.၈ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီး ခန့်မှန်းဝင်ငွေ ၄၅.၈၄ ဘီလီယံခန့်ကို ထိန်းထားဆဲဖြစ်ကြောင်း GM မှထုတ်ပြန်သော စွမ်းဆောင်ရည်အစီရင်ခံစာအရ သိရပါသည်။ GM သည် ယခုနှစ်အတွက် အခွန်သက်ရောက်မှုသည် ၄ ဘီလီယံမှ ၅ ဘီလီယံအထိ မပြောင်းလဲပဲရှိနိုင်ကြောင်း မျှော်မှန်းထား ပါသည်။ ဇူလိုင်လ ၂၂ ရက်နေ့တွင် လုပ်ငန်းရှင်များ ထံသို့ပေးပို့သော စာစောင်တွင် GM မှ အတွင်းရေးမှုး Mary Barra က ကုမ္ပဏီအနေဖြင့် အမေရိကန်နိုင်ငံတွင်  တည်ဆောက်ထားသော စက်ရုံများ၌ အခွန်စည်းကြပ်မှုများ လျော့ချရန်အတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ GM သည် ထုတ်လုပ်ရေးညှိနှိုင်းမှုများမှတစ်ဆင့် အကောက်ခွန် စည်းကြပ်မှုကြောင့် မြင့်တက်လာသော ကုန်ကျစရိတ်များကို ၃၀ ရာခိုင်နှုန်းခန့် လျော့ချရန် ဦးတည်နေကြောင်း သိရပါသည်။ အကျိုးအမြတ်မယူသော မော်တော်ကားသုသေတနစင်တာ၏ အဆိုအရ အမေရိကန်နိုင်ငံရှိ မော်တော်ကားထုတ်လုပ်သူများအားလုံးအပေါ်တူညီသောအခွန် ဒေါ်လာ ၁၀၇.၇ ဘီလီယံခန့် ၂၅ ရာခိုင်နှုန်းအထိကောက်ခံမည်ဖြစ်ပြီး မော်တော်ကား ကုမ္ပဏီကြီး ၃ ခုဖြစ်သော GM၊ Ford နှင့် Stellantis ကုမ္ပဏီးကြီးများထံ အခွန် ၄၁.၉ ဘီလီယံအထိ တိုးမြင့် ကောက်ခံသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA(ရန်ကုန်)