
တရုတ်နိုင် လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှုအစီအစဥ်သည် ယခုနှစ်အတွင်း အိမ်သုံးပစ္စည်း ၁၀၉ သန်းခန့်ကို ဝယ်ယူရန် တွန်းအားပေးနိုင်ခဲ့ပြီး ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ရန် လုပ်ဆောင်မှုများကြောင့် သုံးစွဲသူပေါင်း ၆၆ သန်းခန့်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ အဆိုပါစီမံကိန်းသည် ဒစ်ဂျစ်တယ်စက်ပစ္စည်း ၇၄ သန်းခန့်နှင့် လျှပ်စစ်စက်ဘီး ၉.၀၆ သန်းခန့်အား ရောင်းချနိုင်ရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ယခင်ကထုတ်ပြန်ခဲ့သော အချက်အလက်များအရ ယခုနှစ် အစောပိုင်း ၅ လအတွင်းတွင် အဆိုပါ စီမံကိန်းမှတစ်ဆင့် ယွမ် ၁.၁ ထရီလီယံခန့် ရောင်းချနိုင်ခဲ့ ကြောင်း သိရပါသည်။ အဆိုပါစီမံကိန်းမှ အရောင်းမြှင့်တင်ခြင်းကြောင့် တရုတ်နိုင်ငံ စားသုံးမှု အင်အား၏ အဓိကဖြစ်သည့် လူသုံးကုန် ပစ္စည်းလက်လီ ရောင်းချမှု စျေးကွက်သည် ယခင်နှစ် အစောပိုင်း နှစ်ဝက်ကာလနှင့် နှိုင်းယှဥ်ကြည့် လျှင် ၅ ရာခိုင်နှုန်း အရောင်းမြင့်တင်နိုင်ခဲ့ကြောင်း သိရပါသည်။
Source: Xinhua
DOCA(ရန်ကုန်)