ဆန်တန်ချိန် ၂၅၀၀၀ မက်ထရစ်တန်ချိန်ခန့် လေလံတင်ရောင်းချတော့မည့် NFA

Powered by Drupal

          နိုင်ငံပိုင်အမျိုးသား စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့အစည်း (NFA) သည် လာမည့်ရိတ်သိမ်းရာသီတွင် စပါးရိတ်သိမ်းရန်နှင့် အချိန်မီဂိုဒေါင်များကင်းစင်စေရန်အတွက် ဆန်တန်ချိန် ၂၅၀၀၀ မက်ထရစ်တန်ချိန်ခန့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါသည်။ NFA အုပ်ချုပ်ရေး မှုး Larry Lacson က အဆိုပါလေလံတွင် ကီလိ ၅၀ အိတ် ၅၀၀၀၀၀ခန့် သို့မဟုတ် တန်ချိန် ၂၅၀၀၀ မက်ထရစ်တန်ချိန်ခန့် လေလံတင်ရောင်းချနိုင်ရန် မျှော်မှန်းကြောင်း သိရပါသည်။ လေလံကြမ်းခင်းစျေးနှင့်ပတ်သက်၍ Lacson က ၎င်းသည် အထူးသဖြင့် လက်လီစျေးကွက်နှင့် တင်သွင်းလာသော ထောက်ပံ့ရေးပစ္စည်းများပေါ်တွင် မူတည်နေကြောင်း သိရပါသည်။ ထို့အပြင် Lacson က ၎င်းအနေဖြင့် လေလံစျေးသည် တစ်ကီလိုလျှင် ပီဆို ၂၉ ရရန် မျှော်‌မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။ ယခုလအစောပိုင်းတွင် Lacsonက ဆန်လေလံတင်ရောင်းချပွဲအတွက် လမ်းညွှန်ချက်များကို စပါးစေ့အေဂျင်စီ၏ အမြင့်ဆုံးမူဝါဒချမှတ်ရေးအဖွဲ့အစည်း (NFA)မှ အတည် ပြုခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ NFA သည် ၎င်း၏ လေလံတင် ရောင်းချမှုလမ်းညွှန်ချက်များနှင့် ပတ်သက်၍ နိုင်ငံတစ်ဝှမ်း စေ့စပ်ဆွေနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။ NFA မှ သိုလှောင်ထားသောဆန်များကို ‌ရောင်းချရန်အတွက် လျင်မြန်စွာစီစဥ်နေပြီး စပါးစေ့အေဂျင်စီ အား ပြည်တွင်းလယ်သမားထံမှ ဆန်စျေးနှုန်း ကျဆင်းချိန်ကြား စပါးရိတ်သိမ်းချိန် မိုးရာသီတွင် ဆန်များ ဝယ်ယူသိုလှောင်ရန်အတွက် နေရာများ စီစဥ်နေကြောင်း သိရပါသည်။ NFA စာရင်းထုတ် ပြန်ခြင်းဆိုင်ရာ ရွေးချယ်မှုများသည် ဆန်စည်းကြပ်မှုဥပဒေဖြင့် ကန့်သတ်ထားသောကြောင့် ဆန်စပါးအေဂျင်စီ၏ သိုလှောင်ဆန်များ ရောင်းချမှုနှုန်းသည် ၎င်း၏ ဝယ်ယူရေးအဆင့်ထက် နှောင့်နှေးနေကြောင်း သိရပါသည်။ လက်ရှိတွင် NFA သည် DA မှထောက်ပံ့ပေးသောဆန်များကို ရောင်းချလျက်ရှိပြီး လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများကဲ့သို့ အစိုးရဌာနများသို့ ဆန်များကို ‌ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

Source: Philstar

DOCA(ရန်ကုန်)

                                                                                 DOCA(ရန်ကုန်)