အင်ဒိုနီးရှားနိုင်ငံ East Sumba တွင်ကျွဲနွားမွေးမြူရေးတွင် ရင်းနှီးမြှုပ်နှံရန် ဘရာဇီးစိတ်ဝင်စား

Powered by Drupal

             ဘရာဇီးရင်းနှီးမြှုပ်နှံသူများသည် အင်ဒိုနီးရှားနိုင်ငံ East Sumba တွင် ကျွဲနွားမွေးမြူရေး ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားမှုကို ပြသခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ Transmigration ဝန်ကြီး  Muhammad Iftitah Sulaiman Suryanagara က ဘရာဇီးရင်းနှီး မြှုပ်နှံသူများအတွက် East Sumba သည် ပြီးပြည့်စုံစွာသင့်လျော်ကြောင်း၊ ၎င်းတို့အနေဖြင့် ပြည်တွင်းလူမှုအသိုင်းအဝိုင်းကို စစ်မှန်သောအကျိုးအမြတ်များသယ်ယူလာပေးနိုင်မည့် ရင်းနှီး မြှုပ်နှံသူများကိုပံ့ပိုးပေးရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ East Sumba သည်မွေးမြူရေးအတွက် အထူးစီးပွားရေးဇုန်(SEZ)အနေဖြင့် ဒီဇိုင်းဆွဲထားသည့်အတွက် ကျွဲနွား မွေးမြူမည့်ဘရာဇီးရင်းနှီးမြှုပ်နှံသူများအတွက် ဗျူဟာမြောက်ဒေသဖြစ်ကြောင်း သိရပါသည်။ သို့သော် SEZ သည် ရင်းနှီးမြှုပ်နှံသူများကင်းမဲ့နေသောကြောင့် ဆက်လက်မဖွံ့ဖြိုးနိုင်ကြောင်း သိရပါသည်။ ယခုတွင်မူ ဘရာဇီး၏စိတ်ဝင်စားမှုနှင့်အတူ Suryanagara သည် ထိုဒေသတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာအတွက် နှစ်နိုင်ငံကြားဆက်လက်ဆွေးနွေးသွားမည်ဟု သိရပါသည်။ ၎င်း၏ဝန်ကြီးဌာနသည်လည်း East Sumba ဖွံ့ဖြိုးတိုးတက်ရေးအတွက် Transmigration Settlement Development Program  အောက်တွင် ဘဏ္ဍာငွေချမှတ်ပေးရန် လုပ်ကိုင်လျှက်ရှိကြောင်း သိရပါသည်။ ထိုဘဏ္ဍာငွေများကို ရေသန့်ရရှိရေး၊ ၃ ကီလိုမီတာရှည် သော လမ်းမများတိုးတက်ရေးနှင့် အများသုံးအိမ်သာများပြင်ဆင်ရေးအတွက် အသုံးပြုသွားမည်ဟု သိရပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနသည်လည်း East Sumba တွင်ကျွဲနွားမွေးမြူ ရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ‌ရှေ့ပြေးစီမံကိန်းပြင်ဆင်လျှက်ရှိကြောင်း သိရပါသည်။

Antara News

DOCA (ရန်ကုန်)