
ဗီယက်နမ်ကော်ဖီသည် ချီလီနိုင်ငံ ဆန်တီယာဂိုမြို့တော်ရှိ Espacio Riesco exhibition centre တွင် ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ထိကျင်းပခဲ့သည့် ချီလီနိုင်ငံ၏အကြီးမားဆုံး ကော်ဖီကုန်စည်ပြပွဲတွင် ပွဲဦးထွက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပါသည်။ ချီလီနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးကလက်ခံကျင်းပသည့် ဗီယက်နမ်ပြခန်းတွင် robusta၊ arabica၊ roasted ground ကော်ဖီ၊ အသင့်ဖျော်ကော်ဖီ၊ drip bag ကော်ဖီနှင့် ကော်ဖီ capsules များနှင့် အခြား အမျိုးအစားများတို့ပါဝင်သည့် ကျယ်ပြန့်သောကော်ဖီထုတ်ကုန်များကို ပြသခဲ့ကြောင်း သိရပါ သည်။ ထိုအမျိုးအစားများထဲတွင် ဗီယက်နမ် robusta ကော်ဖီသည် အဓိကစိတ်ဝင်စားလူကြိုက် များမှုကိုရရှိခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သည် ကမ္ဘာ့ဒုတိယအကြီးမားဆုံးကော်ဖီ ထုတ်လုပ်သူဖြစ်ပြီး နှစ်စဉ်ကော်ဖီတန်ချိန် ၂ သန်းပတ်လည် ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရပါ သည်။ ဗီယက်နမ်ကော်ဖီထုတ်ကုန်များသည် ဥရောပ၊ အမေရိကန်၊ ဂျပန်၊ ရုရှား၊ ယူကေနှင့် ကနေဒါအစရှိသည့် အဓိကဈေးကွက်များပါဝင်သည့် နိုင်ငံပေါင်း ၈၀ ကျော်တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။ ထိုအခမ်းအနားတွင် ကော်ဖီထုတ်လုပ်သည့်၊ ကော်ဖီသောက်သုံး သည့် နိုင်ငံများမှစီးပွားရေးလုပ်ငန်းပေါင်း ၁၅၀ ကျော်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပါသည်။ ချီလီ နိုင်ငံဆိုင်ရာဗီယက်နမ်သံရုံး၏အဆိုအရ ထိုအခမ်းအနားသည် ဗီယက်နမ်၏နိုင်ငံတော်အမှတ် တံဆိပ်မြှင့်တင်ရန်၊ ပို့ကုန်ဈေးကွက်များတိုးချဲ့ရန်နှင့် လတ်တင်အမေရိကအစရှိသည့် ဒေသများ တွင် အခွင့်အလမ်းသစ်များရှာဖွေရန် အရေးပါသောမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)