
ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်တွင် သီဟိုဠ်စေ့များတင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံရရှိပြီး ၂၀၂၄ ခုနှစ်ကထက် ၂.၇ ရာခိုင်နှုန်းမြင့်တက်ရန်ရည်ရွယ်ထားကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။ ထိုရည်မှန်း ချက်ပြည့်မီရန်အတွက် ကဏ္ဍသည် ဒုတိယနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ ပတ်လည် ရရှိရန်လိုအပ်ကြောင်း သိရပါသည်။ ကိန်းဂဏန်းများအရ ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်သည် သီဟိုဠ်စေ့တန်ချိန် ၃၄၆၈၀၀ တင်ပို့ရာမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၂.၃၆ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်နှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၂.၇ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးတွင် ၂၀.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုသို့မြင့်တက်မှုသည် တင်ပို့မှုပမာဏကျဆင်းမှုကိုဖာထေးပေးရန်ကူညီပေးခဲ့သည့် တင်ပို့သည့် ဈေးနှုန်းများသိသာစွာမြင့်တက်မှုကြောင့်ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်ကို ၆၈၀၅ အမေရိကန်ဒေါ်လာကျော်ရှိပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၃.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တရုတ်၊ အမေရိကန်နှင့် နယ်သာလန်တို့သည် ဗီယက်နမ်၏ ထိပ်တန်းသီဟိုဠ်စေ့ဝယ်ယူသည့် ၃ နိုင်ငံ ဖြစ်ပြီး စုစုပေါင်းတင်ပို့သည့်တန်ဖိုး၏ ၂၂ ရာခိုင်နှုန်း၊ ၂၁.၆ ရာခိုင်နှုန်းနှင့် ၈.၄ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရပါသည်။ တင်ပို့မှုစဉ်ဆက်မပြတ်ကြီးထွားရန်အတွက် ဝန်ကြီးဌာနသည် ယူအေအီးနှင့် ဆော်ဒီအာရေဗျတို့ပါဝင်သော ဝယ်လိုအားကောင်းသည့် ထွန်းသစ်စဈေးကွက် များသို့ ဝင်ရောက်ရန်ကြိုးပမ်းမှု အရှိန်မြှင့်တင်ရန် တောင်းဆိုထားကြောင်း သိရပါသည်။ ဗီယက်နမ်၏တတိယအကြီးမားဆုံးသီဟိုဠ်ဈေးကွက်ဖြစ်သည့် ဥရောပသမဂ္ဂသည်လည်း လတ်တလောနှစ်များတွင် စဉ်ဆက်မပြတ်ဝယ်ယူမှုကြီးထွားမှုကို ပြသခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်သည် သီဟိုဠ်စေ့တန်ချိန် ၇၃၀၀၀၀ တင်ပို့ရာမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄.၃၇ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂၀.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။
Vietnam Plus
DOCA (ရန်ကုန်)