
(၂၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်းစိန်ဈေးတာဝန်ခံ ဉီးလှသူပူးပေါင်းပါဝင်လျက် အင်းစိန်မြို့နယ်ဈေးကွက်အတွင်း အခြေခံ စားသောက်ကုန်ပစ္စည်းများ ဖြစ်ပေါ်နေသည့်ဈေးနှုန်းအခြေအနေ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးအတွင်းရှိ နေလကုန် စုံဆိုင်၊ မခင်မြင့်ကုန်မျိုးစုံဆိုင်၊ ရွှေဆန်လွင်ဆန်ဆိုင်၊ အဘွား(ငါးခြောက်မျိုးစုံ)ဆိုင်၊ စိန်ဟင်္သာ (ငရုပ်သီး ခြောက်)ဆိုင်၊ ကိုမောင်မောင်(ဆိတ်သား/အမဲသား)ဆိုင်၊ ဝေဝေလွင်(ကြက်သား)ဆိုင်၊ ဉီးစောထွေး (ကြက်ဥ/ဘဲဥ)ဆိုင်နှင့် ငါးမျိုးစုံရောင်းချနေသောဆိုင်များ၊ အသီးအရွက်ကုန်စိမ်း ဆိုင်တို့တွင် ယခုဖြစ် ပေါ်နေသည့်အခြေခံစားကုန်ပစ္စည်းများ ဈေးနှုန်းတို့မှာ သိသိသာသာ ကွာခြားမှုမရှိကြောင်း ကွင်းဆင်း စုံစမ်းမေးမြန်းချက်အရ သိရှိရပါသည်။
DOCA (ရန်ကုန်)