
ကလေးမြို့၊ အ.ထ.က( ၃ )ကျောင်းသို့ ( ၁၈.၇.၂၀၂၅ )ရက်နေ့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ်(၅)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုတို့နှင့်အတူ ကလေးခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ သွားရောက်၍ ဆရာ/ ဆရာမ (၅၅)ဦး၊ ကျောင်းသား/ ကျောင်းသူ( ၁၅၀ ) ဦး စုစုပေါင်း ( ၂၀၅ ) တို့အား အသိပညာ ပေးဟောပြောခဲ့ပါသည်။
အသိပညာပေးဟောပြောပွဲတွင် ဦးစွာပထမ အ.ထ.က(၃)ကျောင်းရှိ ကျောင်းဆရာကြီး ဦးဇော်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့၊ ဒုရဲမှူး ကျော်ဝင်းသန်းမှ လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးသည် အခြားလူတစ်ဦးကို အဓ္ဓမပြည့်တန်ဆာ လုပ်ခိုင်းခြင်း၊ အခြားကာမဆိုင်ရာကိစ္စတစ်မျိုးမျိုးပြုလုပ်ခိုင်းခြင်း၊ အဓ္ဓမအလုပ်ခိုင်းစေခြင်း၊ အဓ္ဓမ လက်ထပ်ထိမ်းမြားခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ အခြားသူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်းစသည် တို့ကိုပြုရာမှ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုးအမြတ်တစ်စုံတစ်ရာကိုသော်လည်းကောင်း လက်ခံခြင်း(သို့မဟုတ်) လက်ခံရယူရန်သဘောတူခြင်းတို့ကို ဆွေးနွေးပြောကြားပြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်-၁၀၈ ယာဉ်ထိန်းရဲ ရဲအုပ်ကျော်ညွှန့်စိုးက စည်းကမ်းလိုက်နာ ဘေးကင်းကွာ၊ စည်းကမ်းဆိုတာလူ၏တန်ဖိုးဖြစ်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းမ်း၊ လမ်းစည်းကမ်းနှင့် လမ်းကိုအသုံးပြုသူတိုင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို မလွဲမသွေလိုက်နာရမည့်အကြောင်း၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်းဖြင့်ကာကွယ်ရမည့်အကြောင်း၊ အမှတ်-၅ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေးရဲတပ်ဖွဲ့စု ဒုရဲမှူး မင်းဆွေမှ မူးယစ်ဆေးဝါးဆိုသည်မှာ ဦးနှောက်နှင့်အာရုံကြောကို ထိခိုက်ထုံထိုင်း/ မူးယစ်/ ရူးသွပ်စေခြင်း၊ ခန္ဓာကိုယ်ကို တစ်နည်းနည်းဖြင့် အန္တရာယ်ဖြစ်စေခြေင်း၊ ဆေးဝါးပေါ်စိတ်ရောကိုယ်ပါစွဲလမ်းမှုဖြစ်စေပြီး မသုံးစွဲဘဲမနေနိုင်သော ဆေးဝါးများဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအဓိက အုပ်စုကြီး (၃)ခုအကြောင်းနှင့် ကလေးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်သိမ့်သိမ့်ထွန်း ဒု-ဦးစီးမှူးမှ ကျောင်းသား/ကျောင်းသူများ( အခြေခံပညာ ) သိသင့်သည့် စားသုံးသူကာကွယ်ရေးအသိပညာ အကြောင်းအရာများခေါင်းစဉ်မှ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ခွင့်ရှိခြင်း၊ သတင်းအချက် အလက် ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့်ပြေစာ(သို့) အထောက်အထားရယူခွင့်ရှိခြင်း၊ စိတ်ကြိုက်ရွှေး ချယ်ဝယ်ယူခွင့်ရှိခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် စက်လျဉ်း၍အခြေခံ လိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ နစ်နာဆုံးရှုံးမှုများကိုရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိစေခြင်း၊ အသိ ပညာ၊ အခွင့်အရေးနှင့်အချက်အလက်များကို လေ့လာနိုင်ခွင့်ရှိခြင်း၊ နစ်နာဆုံးရှုံးမှုများကို ပြန်လည် ကုစားခွင့်ရရှိခြင်း၊ ကောင်းမွန်သောလူနေမှုအဆင့်တန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရှိခြင်း နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနအသီးသီးမှ Projector ဖြင့်မိမိတို့ဌာန၏ အသိပညာပေးလိုသည့် Video ဖိုင်များပြသ၍ ရှင်းလင်းခဲ့ကြကြောင်း သတင်းရရှိရပါသည်။
DOCA(စစ်ကိုင်း)