ဒေးဒရဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် Talk Show ကျင်းပပြုလုပ်

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီး ဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါ အသိပညာပေး Talk Show တွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူများ ထိခိုက်နစ်နာမှုနှင့် ပက်သက်၍  တိုင်ကြားနိုင်သည့် နေရာများ၊ ဦးစီးဌာန၏ website ဖုန်းနံပတ်များအကြောင်း၊ Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)