မူဝါဒ၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းအား စိစစ်လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့နှင့် မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ စိစစ်လေ့လာရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေး တက်ရောက်

Powered by Drupal

           ဇူလိုင်လ ၁၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၃) နေပြည်တော်တွင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်ကျင်းပပြုလုပ်သည့် မူဝါဒ၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းအား စိစစ်လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့နှင့် မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ စိစစ်လေ့လာရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးကို Virtual ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊

             အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က အဖွင့်မှာစကား ပြောကြားရာတွင်  online အသိပညာပေး ဆောင်ရွက်နေမှုအခြေအနေနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ဥပဒေပုဒ်မများကို ဝန်ထမ်းငယ်များ အလွတ်ရွတ်ဆိုနိုင်ရေး သင်ကြားပေးရန်၊ တိုင်းဒေကြီး/ ပြည်နယ်အလိုက် တိုင်ကြားမှု အမှုလက်ကျန်များရှိပါက တင်ပြပေးရန် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးထက်ဝင်းအောင် လက်ထောက်ညွှန်ကြားရေးမှူးက CICC တိုင်ကြားမှု တရားစွဲဆိုမှုကို မြို့နယ်များအထိပါ တင်ပြဆောင်ရွက်ပေးရန် ပြောကြားခဲ့ပြီး အဆိုပါအစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ ဒေါက်တာသရဖီထွန်း virtual ဖြင့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊

(DOCA ဧရာဝတီ)