ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်တွင် ကျင်းပပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားသို့ တက်ရောက်

Powered by Drupal

          ဇူလိုင်လ ၂၆ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၃) နေပြည်တော်တွင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်ကျင်းပပြုလုပ်သည့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့် ခရိုင်ဦးစီးမှူးရုံးများမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်၊၊

        အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်မှာစကားပြောကြားရာတွင်  တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများတွင် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲမှ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ရုံးချုပ်မှ ဆောင်ရွက်ပေးရမည့် အချက်များကို တင်ပြပေးစေလိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာလုံးရေး (၁၅၀၀) ကို မိနစ် (၃၀) ရိုက်နိုပ်နိုင်မှုနှင့် ဝန်ထမ်းကျင့်ဝတ်အပါး (၃၀)ကို  အလွတ်ရိုက်နိုပ်ခြင်း ပြိုင်ပွဲများ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စီမံရေးရာ ဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက ယခင်လ အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ယခုလ၏ အကြိုတင်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်၊၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ အလှည့်ကျ မိမိတို့လုပ်ငန်းဆောင်ရွက်နေမှုများ တင်ပြခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

(DOCA ဧရာဝတီ)