
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ဆက်သွယ်ရေးလုပ်ငန်းဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သော မြို့နယ်တရားမဝင်ဆင်းကတ်များရောင်းချမှုမရှိ စေရေး စစ်ဆေးရေးအဖွဲ့သည် (၂၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကံမမြို့ပေါ် အမှတ်(၃၊၄)ရပ်ကွက်ရှိ ဖုန်းဆိုင်(ဆင်းကတ်) အရောင်းဆိုင်(၄)ဆိုင်အား ဆင်းကတ်များအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန် ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ်များ စနစ်တကျမှတ်ပုံတင်ရောင်းချနိုင်ရန် နှင့် တရားမဝင် ဆင်းကတ်ရောင်းချမှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တရားမဝင်ဆင်းကတ်များရောင်းချခြင်းမရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး ဆင်းကတ်ရောင်းချသူများအနေဖြင့် ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ သုံးစွဲသူ၏ မှတ်ပုံတင်မူရင်းနှင့် ကိုယ်ရေးအချက်အလက် ပြည့်စုံမှန်ကန်စွာ ထည့်သွင်း ၍ တရားဝင်မှတ်ပုံတင်ပြီးသား ဆင်းကတ်များသာ ရောင်းချရန်နှင့် ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်မှုမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ (၇၂)အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)