
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိ စေရန်အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၃-၇-၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၃၀) နာရီအချိန်တွင် သရက်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံး Community Center၌ စားသုံးသူ အသိပညာပေး Talk Show ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချသူများ သိရှိလိုက်နာရမည့် အချက်များဖြစ်သည့် မှတ်ပုံတင်လက်မှတ်ရရှိရေး အတွက် ဆောင်ရွက်ရာတွင် လုပ်ဆောင်ရမည့် အချက်များနှင့် လိုအပ်သည့် အချက်အလက်များအကြောင်း၊ ရောင်းချသည့် ကုန်စည်များတွင်လည်း စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)အရ ကုန်အညွှန်း အမှတ်အသားများပြည့်စုံသည့် ကုန်စည်များ ကိုသာ ရောင်းချရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုူံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြား မှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC) ဖွင့်လှစ်ထားရှိပြီးဖြစ်၍ ဆက်သွယ်တိုင်ကြား နိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)