အ.မ.က (ဝယ်ကျိုက်)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ အ.မ.က (ဝယ်ကျိုက်) ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ချောင်းဆုံမြို့နယ်၊ အ.မ.က (ဝယ်ကျိုက်) ကျောင်းအုပ် ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးမိုးက ဌာနအကြောင်း သိကောင်းစရာများ မိတ်ဆက်ပြောကြားခဲ့ပြီး ဒုဦးစီးမှူး ဒေါ်ခင်ကြည်က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်းကို ဟောပြော ဆွေးနွေးခဲ့ပါသည်။         

        ထို့နောက် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးမိုး က ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၆၄) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)