ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန မုံရွာရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း () ဦးတို့သည် (၁၄..၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်နှင့် ဘုန်းစိုးရပ်ကွက်ရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများသို့ သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် မြသီရိ၊ ရွှေဧရာ၊ ဦးအောင်မျိုးဟိန်း၊ မောင်းထောင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊ ဖန်သီး၊ ဥသျှစ်ကြီး၊ လုံးသွယ်မွှေး၊ မနောသုခ၊  စသည့်ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်နှင့်နှင့် ဆန်ဈေးနှုန်း ကြီး မြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန်နှင့် လိုက်နာမှု မရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)