
မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၂၂.၇.၂၀၂၅ ရက်နေ့ ၁၁:၃၀ အချိန်တွင် မိုးညှင်းမြို့၊ သိမ်အင်းရပ်ကွက် အတွင်းရှိ ဆီစက်လုပ်ငန်းရှင် ဦးကျော်ခင် (အသက် ၆၀ အထက် ကျား- ၁ဦး) နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်း ရေး အာမခံရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ ထင်ယောင် ထင်မှား မဖြစ်စေရေးအတွက် စားသုံးဆီများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား များ ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား အရေအတွက် အသားတင်ပမာဏနှင့် ထားသို သိမ်းဆည်းမှု အညွှန်း ပြည့်စုံစွာဖော်ပြရန်၊ အမျိုးအမည်ဆိုရာတွင် ပင်းရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်၊ ကုန်စည်၏ အရွယ်အစား အသားတင်ပမာဏ ကို မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရန်၊ ထားသိုသိမ်းဆည်းမှုအညွှန်းများဖော်ပြပါရှိသော စားသုံးဆီများကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်၊(၁/၂၀၂၁)ထုတ်ပြန်ညွှန်ကြားချက်အပေါ် လိုက်နာဆောင်ရွက်ရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင် သည့်အခွင့်အရေးများ ဥပဒေပါတားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ အား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)