ပဲခူးတိုင်ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ (၂၀၂၅-၂၀၂၈) ကာလ (၃)နှစ် တစ်ကြိမ် မြို့နယ် ဆန်စက်လုပ်ငန်းရှင် အသင်းဥက္ကဋ္ထနှင့် အမှုဆောင်များ ပြန်လည် ရွေးချယ်ခြင်း အခမ်းအနား ကို(၈.၇.၂၀၂၅) ရက်နေ့ နေ့လယ် (၁:၀၀)နာရီ တွင် သဲကုန်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သဲကုန်းမြိုနယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ နှင့် ဝန်ထမ်းများ ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး အသင်းအဖွဲ့အစည်း အခြေခံစည်းမျဉ်းများ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)