ပြည်ဒေသထွက်သခွားသီးဈေးကွက်

Powered by Drupal

   ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ မှော်ဇာ‌ကျေးရွာအုပ်စုတွင် ဟင်းသီးဟင်းရွက်ဖြစ်သော သခွားသီး ကိုလည်းစိုက်ပျိုးကြပါသည်။ သခွားသီးကို ဆောင်းသခွားသီးနှင့် မိုးသခွားသီးဟူ၍ နှစ်မျိုးကို ရာသီအလိုက်စိုက်ပျိုးကြပါသည်။ သခွားသီးကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း နုန်းမြေ၊ သဲနုန်းမြေများတွင် ပိုမိုဖြစ်ထွန်းစိုက်ပျိုးကြပါသည်။ မိုးသခွားသီးကို မိုးရာသီဖြစ်သော မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးကြသလို ဆောင်းသခွားသီးကို ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် သခွားသီးအလုံးရေ (၂)ထောင်ကျော် ထွက်ရှိသည်ဟု သိရှိရပါသည်။
   ယခုအခါ ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များတွင် သခွားသီးဈေးနှုန်းများအနေဖြင့် အသေး တစ်လုံးလျှင် (၁၀၀)ကျပ်ဖြင့် ရောင်းချကြပြီး သုပ်၍စားသော အရွယ်တစ်လုံးလျှင် (၃၀၀)ကျပ် နှုန်း ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ မှော်ဇာဒေသမှ ထွက်ရှိသော သခွားသီးများကို ပြည်ဒေသတွင် ဈေးကွက်များသို့ တင်ပို့ရောင်းချကြသလို ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးများသို့လည်း တင်ပို့ရောင်းချ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)