
(၁၆-၇-၂၀၂၅) ရက်နေ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ နှင့် DOT အဖွဲ့တို့သည် Rixs Myanmar Co.,Ltd. Mile30,Yangon-Parhein Road,Sarmalout Province,Thakhutchaung Village Area,Nyaungdon Township,Ayeyarwaddy Region. သို့ Myanmar Broken Rice B1:2 (Sortexed). 520MT. ပြည်ပတင်ပို့မည့်ဆန်နှင့် ဆန်ကွဲသိုလှောင်ထားရှိမှုအခြေအနေများကို အဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းပူးပေါင်းစစ်ဆေးရာတွင် တာဝန်ရှိသူများက ညောင်တုန်းမြို့နယ်မှ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ရန် အကျယ်အဝန်းပမာဏအနိမ့်ဆုံးသတ်မှတ်ချက်မှာ ဆန်တန်ချိန် (၅၀) (သို့မဟုတ်) စပါးတင်း (၅၀၀၀) ဝင်ဆံ့သည့် ပမာဏနှင့်ကိုက်ညီမှုရှိ/ မရှိကိုစစ်ဆေးခြင်း၊ ပြည်ပသို့ ဆန်ကွဲတင်ပို့မည့် ပို့ကုန်လုပ်ငန်းရှင်အနေဖြင့် သတ်မှတ်ချက် အရည်အသွေးစံကိုက်ညီးမှု ရှိ/မရှိ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာတွင် စနစ်တကျဖြစ်ပေါ်စေရန်နှင့် ပို့ကုန်ဝင်ငွေဝင်ရောက်မှု အခြေအနေကိုစစ်ဆေးခြင်း၊ MyRo မှတ်ပုံတင်ထားမှု သတ်တမ်းပြည်မှီပါက သက်တမ်းတိုးဆောင်ရွက်ရန်အခြေအနေများ၊ ဆန်နှင့် ဆန်ကွဲပို့ကုန်လိုင်စင် အသစ်လျှောက် ထားရန်ရှိပါက လုပ်ငန်းလိုအပ်ချက်များကိုရှင်းလင်းစစ်ဆေးခြင်း၊ ပို့ကုန်လိုင်စင်ပြင် ဆင်ခွင့်လျှောက်ထားခြင်းကို လိုင်စင်သက်တမ်းကာလအတွင်း ကုန်ပစ္စည်းတင်ပို့ခြင်းမပြုမီ ကြိုတင်တင်ပြလျှောက်ထားရမည်ဖြစ် ကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ ဇူလိုင်လ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားသည့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား ဖြည့်သွင်းပေးနိုင်ရေးနှင့် လစဉ် လဆန်း (၁)ရက်နေ့မှ ရ ရက်အတွင်း Update ပြုလုပ်နိုင်ရေးကို အသိပေးပြောကြား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရျိပါသည်။
DOCA(ဧရာဝတီ)