မြို့သစ်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအားအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၇)ဆိုင် အား  (၁၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဆေးဝါးအရောင်းဆိုင်များ ဆေးရောင်းခွင့် မှတ်ပုံတင်ထားခြင်းရှိ/မရှိ၊ သက်တမ်းတိုးထားခြင်းရှိ/မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါး များရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စစ်ဆေး‌ဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ် တာဝန်ခံသည် အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)