စားအုန်းဆီ ကိုယ်စားလှယ်များအား စားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) အတွင်း မှတ်ပုံတင်ခြင်းနှင့် စနစ်အသုံးပြုနည်း သင်တန်းကို ပိုချနိုင်ရန်အတွက် ကုမ္ပဏီ တာဝန်ရှိသူများက မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

    မအူပင်ခရိုင်အတွင်း မြို့နယ်များမှ ဆီလက်ကားဖြန့်ဖုူးရောင်းချသူနှင့် ဆီလက်လီရောင်းချသည့် ဆီကိုယ်စားလှယ်များအား စားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software)အတွင်း မှတ်ပုံတင်ခြင်းနှင့် စနစ်အသုံးပြုနည်း သင်တန်းပို့ချနိုင်ရေးအတွက် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသို့ ခရိုင်ဦးစီးမှူး ၊ ဒုခရိုင်ဦးစီး မှူးတို့အား ကုမ္ပဏီတာဝန်ရှိသူများက ၁၁-၇-၂၀၂၅ ရက်နေ့ ည‌ေ(၁၅၃၀)နာရီအချိန်က လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

            တွေ့ဆုံရာတွင် စားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) အသုံးပြုနိုင်ရန် မအူပင်မြို့နယ်ရှိ ဆီအရောင်းကိုယ်စားလှယ်များအား သင်တန်းပို့ချနိုန်ရန်အတွက် သင်တန်းအချိန်နှင့် နေ့ရက်၊ ကျင်းပမည့် နေရာများကို ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး သင်တန်းတွင်အသုံးပြုဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို သိရှိနိုင်စေရန် ရျင်းလင်း ဆွေးနွေးခဲ့ပြီး ကုမ္ပဏီနှင့် အစိုးရဌာနများက ပူးပေါင်း၍ စားသုံးသူပြည်သူများ စားသုံးဆီ အ၎င်းှန်တကယ် ဝယ်ယူရရှိနိုင်ရေးနှင့် မသာမာသူများက ဈေးကစားရန် သိုလှောင်ဆောင်ရွက်ခြင်းများ မရျိနိုင်ကြောင်း၊ စတင်ရောင်းချမှု မှ စားသုံးသူအဆုံးထိ အမှန်တကယ် ရောင်းချဝယ်ယူအသုံးပြုနိုင်သော စနစ်တစ်ခုဖြစ်ကြောင်းကို ကုမ္ပဏီတာဝန်ရှိ သူများက ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာ၊ဦးစီးဌာနမှ မအူပင်မြို့နယ် ၄မြို့နယ်အတွက် သင်တန်းပို့ချခြင်း လုပ်ငန်းများကို စနစ်တကျရေးဆွဲပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)