
(၁၂.၇.၂၀၂၅)ရက်နေ့ မအူပင်ခရိုင် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမတွင် စားအုန်းဆီ လက်လီ/ လက္ကားဖြန့်ဖြူး ရောင်းချသည့် ကိုယ်စားလှယ်များအားစားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် EOS(Software) သင်တန်းသို့ မအူပင်မြို့နယ်မှ(၂၇)ဦးနှင့် ပန်းတနော်မြို့နယ်မှ(၄၂)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူး ဦးဇော်မင်းက ဆီရောင်းချသည့် လက်လီ ကိုယ်စား လှယ်များကို ဆီရောင်းချခွင့် EOS(Software) ကို အသုံးပြုရာတွင်အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးကို သေချာလေ့လာ မှတ်သားကြပြီး မရှင်းလင်းသည်များကို မေးမြန်းကြရန်၊ စားသုံးသူများအခွင့်အရေး အပြည့်အဝရှိသည့်အတွက် လုပ်ငန်း ဆောင်ရွက်ရာတွင် လွဲချော်မှုများ မဖြစ်ပေါ်စေရန်လိုအပ်ကြောင်း၊ ဆီလက်ကားကိုယ်စားလှယ်မှ ဆီလက်လီ ကိုယ်စားလှယ်သို့ ဆီပေပါရောင်းချခွင့် အဆင့်ဆင့်နှင့် ဆီလက်လီကိုယ်စားလှယ်မှ စားသုံးသူပြည်သူများ ဆီထုတ်ယူခွင့် ရရှိနိုင်ရန်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ကို MCBဘဏ်၏ CTIZEN Payတို့ဖြင့် ပူးပေါင်း၍ ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)