သထုံခရိုင်ဦးစီးမှူးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ခရိုင်အဆင့်ဌာနခွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၀/၂၀၂၅)သို့ တက်‌ရောက်

Powered by Drupal

၁၆.၇.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဥ် (၁၀/၂၀၂၅)သို့ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ တက်ရောက်ခဲ့ပါသည်။

ပထမဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးအောင်က အဖွင့် အမှာစကားပြောကြားပြီး အခြားခရိုင်အဆင့် ခရိုင်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်ချက်များ အား  ညှိနှိုင်းဆွေးနွေးကာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးသူပြည်သူများသို့ စားအုန်းဆီရောင်းချမှုနှင့်စပ်လျဥ်း၍ ညှိနှိုင်းဆွေးနွေးကာ (၉/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်း အဝေးနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ဆွေးနွေးပြီး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၀/၂၀၂၅)အား (၁၂း၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA (မွန်)