
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် မြေငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ၁၆.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက အ.ထ.က (ဘီးလင်း)ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပညာရေးမှူး ဦးဝင်းရှိန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအိအိကျော် က ငလျင်ဘေးအန္တရာယ်အကြောင်းကို လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်လင်းဦးက သဘာဝဘေးအန္တရာယ်အမျိုးမျိုးကိုလည်းကောင်း အသိပညာပေး ဟောပြော ပြီး ကြိုကာကွယ်ရေးနည်းလမ်းများအား ပရိုဂျက်တာဖြင့် ပြသ၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် မြေငလျင်ဘေးနှင့်ပတ်သက်၍ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆက်လက် ပြုလုပ်ခဲ့ရာ အ.ထ.က ဘီးလင်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်မာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
DOCA (မွန်)