ညောင်တုန်းမြို့နယ် ညောင်ဝိုင်း အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ် အကြောင်း အသိပညာပေးဟောပြောခြင်း

Powered by Drupal

          မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ညောင်ဝိုင်းကျေးရွာရှိ  အ.ထ.က-၁  ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ် ၍  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို (၁၁-၇-၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀) နာရအချိန်တွင် နတ်ပေးရေကျော် ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ပြုလုပ်ခဲ့သည်။

             ဟော​ပြောပွဲပြုလုပ်ရာတွင် မြို့နယ် စားသုံးသူရေးရာဦးဏီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အာ’ကစားနှင့် ကာယပညာဦးစီးဌာနတို့ပါဝင်ကြပြီး မြို့နယ် ပြန်ဆပ်မှ တာဝန်ရှိသူက ဟောပြောပွဲပြုလုပ်ခြင်း၏  ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ က လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူအခွင့်အရေးများအကြောင်းနှင့်  သတိပြုရမည့်ဆိုးဆေးများအန္တရာယ်နှင့် စားသုံးရန်မသင့်သော  အစားအစာများနှင့် အချိုရည်များအကြောင်းတို့ကို အကျယ်တဝင့်ပြောခဲ့ပြီး စားသုံးသူများ အသုံးပြုသောကုန်စည်များကြောင်း တစ်စုံတစ်ရာ ထိခိုက်နစ်နာမှု ရှိလာပါက တိုင်ကြားနိုင်သော ဦးစီးဌာန ရှိပြီးဖြစ်သဖြင့် တိုင်ကြားနိုင်သောနည်းလမ်းအဆင့်ဆင့်ကို ပညာပေးဟောပြောခဲ့ကြသည်။

              ဆက်လက်၍ ဘယ်သူတွေကနေ ဘယ်လိုနည်းလမ်းတွေနဲ့ တိုင်ကြားလို့ ရနိုင်ကြောင်းကို ပြည်သူသိရှိနိုင်ရန်အတွက်   တိုင်ကြား လို့ရတယ့်နည်းလမ်း (၇) မျိုးရှိကြောင်း၊  တိုင်ကြားနိုင်တဲ့ နည်းလမ်းအဆင့်ဆင့် တွေကတော့ DOCA Myanmar Application, CICC Naypyi Taw လူမှုကွန်ယက်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဦးစီးမှူးရုံးတွေကို လူကိုယ်တိုင် (သို့) စာဖြင့် တိုင်ကြားနိုင်၊ CICC ဖုန်း၊ Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှတစ်ဆင့် တိုင်ကြားလို့ရကြောင်း၊ ပို၍လွယ်ကူတာကတော့  Consumer Call Center နှင့်HOT Line No ဖြစ်သည့် 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာတွေကို သိရှိလိုသည််ဖြစ်ဖြစ်၊ တိုင်ကြားချင်သည် ဖြစ်ဖြစ်၊ HOT Line No လေးကို  အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ် တိုင်ကြားလို့ရကြောင်း ထပ်ဆင့် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)