
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ ဘရာဇီးလ်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကြေညာခဲ့သည်။ ထရမ့်မှ ဘရာဇီးလ် သမ္မတ Luiz Inacio Lula Da Silva သို့ လူမှုမီဒီယာပလပ်ဖောင်း Truth Social တွင် စာဖြင့် ရေးသား၍ တင်ခဲ့ခြင်းဖြစ်သည်။
ထရမ့်သည် ဇူလိုင်လ ၇ ရက်နေ့တွင် နိုင်ငံပေါင်း ၁၄ နိုင်ငံ ဇူလိုင်လ ၉ ရက်နေ့တွင် နောက်ထပ် ၇ နိုင်ငံအပေါ်အခွန်စည်းကြပ်မှု အသစ်များပြုလုပ်သွားမည်ဖြစ်ကြောင်းကြေညာခဲ့ပြီး အခွန်နှုန်းထား များကိုလည်း ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအတွင်း ထားရှိမည်ဖြစ်သည်။ ဘရာဇီးလ် နိုင်ငံအပေါ် ကောက်ခံသော အခွန် ၅၀ ရာခိုင်နှုန်းမှာ ပထမ အခွန်စည်းကြပ်မှု အကျော့တွင် အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။
Source : Xinhua
DOCA(ရန်ကုန်)