
သန်းခေါင်စာရင်းဗျူရိုမှ ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်သော အချက်အလက်များအရ အမေရိကန်နိုင်ငံ၏ လက်ကားရောင်းချမှုသည် မေလတွင် အနည်းငယ်ကျဆင်းသွားကြောင်း သိရသည်။
ထုတ်လုပ်သူ၏ အရောင်းဌာနခွဲများနှင့် ရုံးခန်းများမှလွဲ၍ ကုန်သည် လက်ကားရောင်းချသူ များ၏ စုစုပေါင်းစာရင်းသည် မေလကုန်တွင် အမေရိကန်ဒေါ်လာ ၉၀၅.၅ ဘီလီယံရှိပြီးပြန်လည် ပြင်ဆင်ထားသော ဧပြီလ အဆင့်ထက် ၀.၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သန်ခေါင်စာရင်းဗျူရိုက သတင်းထုတ်ပြန်ခဲ့သည်။
စုစုပေါင်းစာရင်းသည် တစ်နှစ်ထက်တစ်နှစ် ၁.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ကုန်သွယ်ရေးလုပ်ဖော်ကိုင်ဖက်အများအပြားအပေါ် စည်းကြပ်ခွန်များ ကောက်ခံပြီးနောက် ယခုကဲ့သို့ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
Source : Xinhua
DOCA(ရန်ကုန်)