သံတမန်ဆက်ဆံရေး ၆၅ နှစ် ပြည့်သည့် အထိမ်းအမှတ်အနေဖြင့် တရုတ်-ဂါနာ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၁.၈ ဘီလီယံရှိခဲ့

Powered by Drupal

      ဂါနာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Tong Defa က ဂါနာနှင့် တရုတ်နိုင်ငံကြား နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် တစ်နှစ်ထက်တစ်နှစ် ၇.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဂါနာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Tong Defa က ဇူလိုင်လ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ကြား ဆက်ဆံရေး ၆၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် လှုပ်ရှားမှုများ စတင်ခြင်း အခမ်း အနားတွင် Tong က ယခု သိသာထင်ရှားသော တိုးတက်မှုသည် တရုတ်နှင့် ဂါနာကြား ခိုင်မာသော စီးပွားရေး နှောင်ကြိုးများကို သက်သေ ပြခြင်းဖြစ်ကြောင်း Tong က ပြောကြားခဲ့သည်။ ထို့အပြင် ဂါနာတွင် အခြေခံအဆောက်အအုံ၊ ကုန်ထုတ်လုပ်မှု၊ သတ္တုတူးဖော်ရေး၊ လေကြောင်း၊ အစိမ်းရောင် စွမ်းအင်နှင့် ရေနံချက်လုပ်ခြင်း စသည့် ကဏ္ဍများတွင် ရာနှင့်ချီသော တရုတ်စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြုပ်နှံခဲ့ပြီး ဒေသတွင်းစက်မှုလက်မှုလုပ်ငန်းကို မြှင့်တင်ရာတွင် များပြားသော အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးခဲ့ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။ အစိုးရ အဆက်ဆက်၏ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှုကြောင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသည် လွန်ခဲ့သည့် ၆၅ နှစ်အတွင်း တိုးတက်လာခဲ့ကြောင်း Tong က ပြောကြားခဲ့သည်။ GHACHIFA ဥက္ကဋ္ဌ Anani Demuyakor က Ghanaian ကျောင်းများတွင် တရုတ်ဘာသာစကား သင်ယူခြင်း၏ ရေပန်းစားမှု သည် ဂါနာနိုင်ငံသားများနှင့် ၎င်းတို့၏ တရုတ်လုပ်ဖော်ကိုင်ဖက်များ ကြားတွင် ဘာသာစကား အတား အဆီးကို တဖြည်းဖြည်း ချိုးဖျက်သွားကြောင်း ပြောကြားခဲ့သည်။ “လာမယ့်နှစ်အနည်းငယ်အတွင်း မှာ ဂါနာမှာနေထိုင်တဲ့ ဂါနာနိုင်ငံသားတွေနဲ့ တရုတ်တွေကြား အပြန်အလှန်နားလည်မှုကို နက်ရှိုင်း အောင် လုပ်ဆောင်သွားမှာပါ” ဟု Demuyakor က ပြောကြားခဲ့သည်။

Source : Xinhua                                                                                

 DOCA(ရန်ကုန်)