
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ် ဦးစီးမှူးမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများသည် (၄.၇.၂၀၂၄) ရက်နေ့ (၀၉၃၀)နာရီအချိန်တွင် ဆေးဝါး ပစ္စည်းမျိုးစုံရောင်းချသော ဆိုင်(၇)ဆိုင်သို့ သွားရောက်၍ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန(FDA)၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ဆေးဝါးပစ္စည်း များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့ မြို့မဈေးနှင့် မြို့ပေါ်ရှိ ဆေးဝါးပစ္စည်း အရောင်း ဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်မရှိသော FDA အသိအမှတ်ပြု DRC No မပါရှိသည့် ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ ကိုစစ်ဆေးခဲ့ကြရာ ပန်းတနော်မြို့ပေါ်ရှိဆေးဆိုင်များတွင် ရောင်းချခြင်းမရှိကြောင်း စစ်ဆေး တွေ့ ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ဆေးဆိုင်လုပ်ငန်းရှင်များအား စစ်ဆေးရေးတာဝန် ရှိသူများက တရားဝင်မှတ်ပုံတင်ခြင်း မရှိသော ဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/ဖြန့်ဖြူး တင်သွင်းသည့်ကုမ္ပဏီ ဆေးဝါးမှတ်ပုံတင်အမှတ် Import Resgistration No, ဖော်ပြပါဝင်သော ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ သက်ဆိုင်ရာဌာနများ၏ တားမြစ်ကုန်စည်များကို ဈေးကွက်အတွင်း ရောင်ချခြင်းတွေ့ရှိပါက သက်ဆိုင်ရာဌာနတို့၏ ဥပဒေများအတိုင်း ထိရောက်စွာ အရေးယူခံရ မည်ဖြစ်ကြောင်း၊ ဈေးနှုန််းမြင့်တင်ရောင်းချခြင်း၊ ဈေကစားရန် သိုလှောင်ခြင်း များမပြုလုပ်ရန် ဆေးဆိုင်လုပ်ငန်းရှင်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)