“ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးရုံး၌စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်တတ် စေရန်အသိပညာပေးဟောပြော”

Powered by Drupal
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးရုံး၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ် တတ်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောသရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ကော့မှူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်း‌ အောင်က စွန့်ပစ်ပစ္စည်းအမှိုက်အမျိုးအစားလေးမျိုးနှင့် ပတ်သတ်၍ အမှိုက်ခြောက်၊ အမှိုက်စို ဘေးအန္တရာယ်ရှိအမှိုက်၊ ပလပ်စတစ်အမှိုက်များကို သက်ဆိုင်ရာ အမှိုက်ပုံးများ၌ စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတို့ ကာကွယ်ပြီး သယံဇာတအရင်းအမြစ်များ ကိုထိထိရောက်ရောက် အသုံးချနိုင်ရေး၊ အန္တရာယ်ကင်းသည့် စွန့်ပစ်မှုများ ဖြစ်စေရေးအတွက် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ဈေးများနှင့် ပြည်သူများ ပူးပေါင်းပါဝင်ပြီး အမှိုက်ခွဲခြား စွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေး သရုပ်ပြပွဲ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)