ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူတို့ထံမှ လောင်စာအရင်းအမြစ်ရယူရန် PTT Gas Station များကိုတိုက်တွန်းခဲ့သည့် ဟွန်ဆန်

Powered by Drupal
ကမ္ဘောဒီးယားအထက်အလွှတ်တော်ဥက္ကဌဟွန်ဆန်က PTT Gas Station ပိုင်ရှင်များအား အမည်ပြောင်းလဲစရာမလိုသော်လည်း လောင်စာအရင်းအမြစ်များကို ထိုင်းနိုင်ငံထက် အခြားနိုင်ငံ များထံမှတင်သွင်းရန်တိုက်တွန်းခဲ့ပြီး ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူတို့ထံမှတင်သွင်းရန် အကြံပြုခဲ့ကြောင်း သိရပါသည်။ ဟွန်ဆန်က ထိုင်းနိုင်ငံအစရှိသည့် အနာဂတ်ခြိမ်းခြောက်လာနိုင် မှုများကို တုံ့ပြန်ရန်အတွက် ကမ္ဘောဒီးယားက မိမိကိုယ်တိုင်မီခိုနိုင်စွမ်းရှိရန် လိုအပ်သည့် လျှပ်စစ်၊ အင်တာနက်၊ လောင်စာနှင့် အခြားကိစ္စရပ် တို့ပါဝင်သည့် အဓိကဧရိယာများကို ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရပါသည်။ ဟွန်ဆန်က ထိုင်းနိုင်ငံထံမှ ဖိအားများနှင့်တင်းမာမှုများရှိနေ သော်လည်း ကမ္ဘောဒီးယားသည် ၎င်းတို့၏ကြံ့ခိုင်မှုနှင့် အမီခိုကင်းလွတ်မှုကြီးထွားမှုကို သက်သေ ပြနေသော တိကျပြတ်သားသောခြေလှမ်းများကို ချပြပြီးဖြစ်ကြောင်း၊ ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံနှင့် ကောင်းမွန်သောဆက်ဆံရေးနှင့် အနီးကပ်ခင်မင်မှုကို အရှိန်မြှင့်တင်ရန် ဆုံးဖြတ် ချက်ချထားကြောင်းနှင့် လတ်တလောဆောင်ရွက်မှုများသည် ဖြစ်ပေါ်နေသည့်ခြိမ်းခြောက်မှုများ နှင့် ထိုင်းနိုင်ငံ၏ တစ်ဖက်သတ်နယ်စပ်ပိတ်သိမ်းမှုအပေါ် တိုက်ရိုက်တုံ့ပြန်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Khmer Times DOCA (ရန်ကုန်)