တိုက်ကြီးမြို့နယ် မိုးစပါးအထွက်တိုးစေရေးဆောင်ရွက်

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့ ၏ ဦးဆောင်မှုဖြင့် (၃၀.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် တောင်သူများနှင့်တွေ့ဆုံ၍ Seeder ဖြင့် ကွင်းလက်တွေ့စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရေးကို တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့မှ ဦးဆောင်မှုဖြင့် တောင်သူဉီးစိုးထွန်းအောင်၏ လယ်မြေ (၅)ဧက၊ ကွင်းအမှတ်(၇၃၀)တွင် မိုးစပါးရည်မှန်းလျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးကြရေး၊ ပန်းတိုင်အထွက်တိုးတက်ရေး၊ လယ်ယာမြေများတန်ဖိုးထားရေးနှင့် Seeder ဖြင့် စိုက်ပျိုးမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ဆီထွက်သီးနှံများအား အလေးထားစိုက်ပျိုးရန်နှင့် မိုးစပါးအညာသားဧက (၁၂၇၈၉၃)ဧကကိုပြည့်မီအောင် စိုက်ပျိုးကြရန် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)