တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အစည်းအဝေးကျင်းပ

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၃၀.၆.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပါသည်။
ထိုသို့ကျင်းပရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်စိုးမှ ရွေးကောက်ပွဲကျင်းပရန် မဲရုံမှူးစာရင်းများ ကြိုတင်ပြုလုပ်ရန်၊ ရွေးကောက် ပွဲကိုယ်စားလှယ်မှ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆင့်ပွားသင်တန်းများအား ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်နိုင်ရေး၊ ရပ်ကွက်များ၌ ထားရှိမည့် မဲရုံများတွင် တာဝန်ချထားရေးကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)