သာယာဝတီမြို့၌ အသိပညာပေးTalk Show ဟောပြောခြင်း

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ( ၃၀.၆.၂၀၂၅ )ရက်‌နေ့နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် ပြန်ဆက်ဦးစီးဌာန Community Center တွင် ဒု- ဦးစီးမှူး ဒေါ်ကြည်ကြည်ချိုက စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ဒုတိယဦးစီးမှူး ဒေါ်ကြည်ကြည်ချိုက စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရောင်းဝယ်ရေးဦးစီးဌာန၏ လက်အောက်တွင်ဌာနကြီး(၄)ခုရှိပါကြောင်းကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မူပိုင်ခွင့်ဦးစီးဌာနဖြစ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူများ၏အခွင့်အရေး(၈)ချက်နှင့်တာဝန်(၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိပါက www.doca.gov.mm တွင် တိုင်ကြားနိုင်ခြင်း၊ စားသုံးသူရေးရာဦးစီးဌာန CICCနှင့် Facebook Page တို့တွင်တိုင်ကြားနိုင်ခြင်း၊ စားသုံးသူရေးရာ အရပ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့်တိုင်ကြားနိုင်ခြင်း၊ Call Center 1535 သို့တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)