လက်ပံတန်းမြို့ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေကွင်းဆင်း

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီဌာနမှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်လျက်ရှိသော ဆိုင်များသို့ (၃၀.၆.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဘိလပ်မြေဈေးနှုန်း ဈေးကွက်အခြေအနေ သိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ဒုခရိုင်ဦးစီးမှူး ဒေါ်ခင်ခင်ထိုက်၊ လက်ပံတန်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ သိရှိစေရန် ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ ဘိလပ်မြေ ဈေးနှုန်းများမှာ အပါချီတစ်အိတ်လျှင် (၂၄၀၀၀) ကျပ်၊ ကြံနှစ်ကောင်တစ်အိတ်လျှင် ၂၇၀၀၀ ကျပ်၊ အယ်ဖာ တစ်အိတ်လျှင် (၂၄၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
DOCA(ပဲခူး)