လွိုင်ကော်မြို့ အသေးစားစက်မှုလက်မှုဦးစီးဌာန၌ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း

Powered by Drupal

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့ နေ့လယ် (၁၄ : ၀၀ ) နာရီအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ပြည်နယ် အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သမဝါယမဦးစီးဌာန၊ ပြည်နယ်စီမံကိန်းရေးဆွဲ‌ရေးဦးစီးဌာန၊ ပြည်နယ်စာသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာ များမှ သင်တန်းသူ/ သင်တန်းသား စုစုပေါင်း ၂၀ ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကအဖွင့်အမှာစကားပြောကြားရာတွင် ယခု တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်း ပညာသင်တန်းတွင် သင်ကြားပို့ချသောဆရာ/ဆရာမ သင်ကြားပို့ချသည်များကို တက် ရောက်လာသော သင်တန်းသူ/ သားများအနေဖြင့် လေ့လာ ကြိုးစားသင်ယူ သွားကြ ရန်၊ သင်တန်းသားများထဲမှ အတော်ဆုံးသူ( ၃ )ဦးအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း၊ ကြိုးစားသင်ယူပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းများထူထောင်ပြီး လက် တွေ့အသုံးချစေသွားလိုကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆန်းဦးက သင်တန်းဖွင့်ရခြင်းရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)