အင်ဒိုနီးရှားနိုင်ငံသည် ဂေဟစနစ်များကို ကာကွယ်ရန်အတွက် ကျွန်းငယ်များပေါ်တွင် သတ္တုတူးဖော်ခြင်းကို ပိတ်ပင်ထား

Powered by Drupal

      သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ကာကွယ်ရန်အတွက် အင်ဒိုနီးရှားအစိုးရသည် ကျွန်းစုတစ်ဝှမ်းရှိ ကျွန်းငယ်များပေါ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းများကို တားမြစ်ကြောင်း ရေကြောင်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဇွန်လ ၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။ အင်ဒိုနီးရှားအစိုးရသည် တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ခြင်းဖြင့် ပင်လယ်နှင့် ကမ်းရိုးတန်းပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရန် ကတိပြုထားကြောင်း ရေကြောင်းရေးရာနှင့် ဂေဟစနစ်နှင့် အဏ္ဏဝါအရင်းအမြစ်ဆိုင်ရာဝန်ကြီး၏ ကျွမ်းကျင်ဝန်ထမ်း Hendra Yusran Siry ကပြောကြားခဲ့သည်။ တရားဝင်ထုတ်ပြန်ချက်အရ ကျွန်းငယ်များရှိ ဧရိယာ၏ အနည်းဆုံး ၃၀ရာခိုင်နှုန်းခန့်ကို ကာကွယ်ရေးလုပ်ငန်းများအများသူငှာ ဝင်ရောက်ခွင့်နှင့် အများပြည်သူအကျိုးစီးပွားအတွက် ခွဲဝေပေးရမည်ဖြစ်သည်။ ကျန် ၇၀ ရာခိုင်နှုန်းကို အခြားကိစ္စရပ်များတွင် အသုံးပြုနိုင်ကြောင်း ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။ ဝန်ကြီးဌာနရှိ ကမ်းရိုးတန်းနှင့် ကျွန်းငယ်များဆိုင်ရာ ဒါရိုက်တာ Ahmad Aris က ဝန်ကြီးဌာန၏ မူဝါဒသည် ကျွန်းငယ်များပေါ်တွင် သယံဇာတများသုံးစွဲရာတွင် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ရေး တစ်ခုလုံးကို ထည့်သွင်းစဉ်းစားရမည်ဟု အခြေခံ ဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ဖြင့် အားဖြည့်ထားကြောင်း ပြောကြားခဲ့သည်။

Source : Xinhua                                                                                

DOCA(ရန်ကုန်)