ပလတ်စတစ်အစားထိုးထုတ်ကုန်များ တင်ပို့ရာတွင် ပူးပေါင်းမှုများ ဆောင်ရွက်နေသည့် မလေးရှား နှင့် ဗီယက်နမ်

Powered by Drupal

မလေးရှား နှင့် ဗီယက်နမ် နိုင်ငံတို့သည် သဘာဝပစ္စည်းများကို အသုံးပြုပြီး ထုတ်လုပ်သော ပလတ် စတစ်အစားထိုးထုတ်ကုန်များကို စက်မှုလုပ်ငန်းများအတွက် Eco-friendly packaging အဖြစ် အသုံးချ နိုင်ရန် ရည်ရွယ်၍ နှစ်နိုင်ငံပူးပေါင်းကာ တင်ပို့လုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း သိရှိရပါတယ်။ ပလတ် စတစ်အစားထိုးထုတ်ကုန်များကို SGS နှင့် GMP (Good Manufacturing Practice) စံချိန်စနစ်များ အား အပြည့်အဝလိုက်နာဆောင်ရွက်ထားသဖြင့် အဆိုပါထုတ်ကုန်၏ အရည်အသွေးကို နိုင်ငံတကာ ဈေးကွက်များက လက်ခံကြကြောင်းလည်း သိရှိရပါတယ်။ ထို့အပြင် Europe နှင့် ဂျပန်ဈေးကွက်များတွင် ဤထုတ်ကုန်များကို သဘာဝနှင့်ညီညွတ်သောထုတ်ကုန်အဖြစ် အသုံးပြုမှုလည်း မြင့်တက်နေပါတယ်။ လက်ရှိတွင် ထုတ်ကုန်များသည် ဈေးကွက်တိုးချဲ့မှုအတွက် ASEAN Marketplace, Shopee, Lazada တို့ကဲ့သို့သော digital platform များနှင့် ပေါင်းသင်းကာ ထုတ်ကုန်အရောင်းမြှင့်တင် ခြင်း လုပ်ငန်းများ ဆောင်ရွက် နေကြကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။
DOCA(ဧရာဝတီ)