ဆော့ဖ်ဝဲနှင့် နည်းပညာ ဝန်ဆောင်မှု သဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ကြသော စင်္ကာပူ-ဗီယက်နမ်

Powered by Drupal
စင်္ကာပူနှင့် ဗီယက်နမ် နိုင်ငံတို့သည် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ ညီချက် ချုပ်ဆိုခဲ့ကြပြီး အဆိုပါသဘောတူညီမှုတွင် အထူးသဖြင့် Software Development, AI (Artificial Intelligence) နည်းပညာနှင့် Fintech ဝန်ဆောင်မှုများအတွက် နိုင်ငံနှစ်နိုင်ငံအကြား ပူးပေါင်းမှုအား တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါသဘောတူညီချက်ဖြင့် ဗီယက်နမ်ရှိ နည်းပညာ ကုမ္ပဏီများနှင့် Startups များသည် စင်္ကာပူဈေးကွက်သို့ ဝင်ရောက်လုပ်ကိုင်နိုင်သည့် အခွင့် အလမ်း ရရှိလာမည်ဖြစ်ပြီး၊ နည်းပညာဖလှယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် manpower နယ်ပယ်တို့တွင် လည်း ပိုမိုနက်နဲ သော ဆက်သွယ်ရေးများ ဖြစ်ပေါ်လာမည်ဟု နှစ်နိုင်ငံလုံးက မျှော်လင့်နေကြပါတယ်။ ထို့အပြင် ဤ သဘော တူညီချက်သည် ASEAN Digital Economy Integration အပေါ် သက်ရောက်မှုရှိစေပြီး ဒေသတွင်း နည်းပညာစီးပွားရေးတိုးတက်မှုအတွက် အရေးကြီးသောအခန်းကဏ္ဍ တစ်ခုအဖြစ် တိုးမြှင့် ပေးနိုင် မည် ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)