ဓနုဖြူမြို့နယ် ရှိ စားသောက်ဆိုင်များအား ဝန်ဆောင်မှု လုပ်ငန်းများနှင့် စက်သုံးဆီ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စားသောက်ဆိုင်များ၊ အစားအသောက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်း (၁၀)ဆိုင်နှင့် စက်သုံးဆီအရောင်းဆိုင် (၉)ဆိုင်အား (၂၃-၆-၂၀၂၅) ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့​ပူးပေါင်း၍ ဓနုဖြူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ အစားသောက်ဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများသို့ ကွင်းဆင်း၍ စားသုံးသူ ပြည်သူများ သန့်ရှင်းလက်ဆက်သော အစားအသောက်များဖြစ်စေရေး၊ စားသောက်ဆိုင်သုံးပစ္စည်းများ သန့်ရှင်းမှုရှိစေရေးနှင့် သက်တမ်းလွန်ပစ္စည်းများ အသုံးမပြုစေရေးအတွက် အသိပညာပေးပြောကြားကာ စစ်ဆေးကြည့်ရှုခဲ့ကြပြီး ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ဆက်လက်၍ ဓနုဖြူမြို့ပေါ်ရှိ စက်သုံးဆီဆိုင် (၉)ဆိုင်အား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေး ဖြင့် ရောင်းချမှုရှိ/မရှိ၊ အကန့်အသတ်ဖြင့်ရောင်း‌ချမှုရှိ/မရှိ၊ ခြင်တွယ်မှန်ကန်မှုရှိ/မရှိ၊ မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စက်သုံးဆီများသိုလှောင်ထားရှိမှုအခြေအနေတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ရေများမြင့်တက်ဝင်ရောက်လာပါက သိုလှောင်ကန်များ၏ ဗားများစနစ်တကျပိတ်ထားရန်နှင့် စက်သုံးဆီဆုံးရှုံးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်မှာကြာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)