
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၂၄.၆.၂၀၂၅) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များအား ခေါ်ယူ၍ စားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့်စနစ်(Software) သင်တန်းပို့ချခဲ့ပါသည်။
ထိုသို့ သင်တန်းပို့ချရာတွင် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ လိုအပ်သည့် အချက်များနှင့် (Software) သင်တန်းပို့ချခြင်း၏ ရည်ရွယ်ချက်များအကြောင်း ပြောကြားခဲ့ပြီး၊ Capital Connect Co.,Ltd ၏ တာဝန်ခံမှ စားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့်စနစ်(Software) အသုံးပြုမှု အဆင့်ဆင့် တို့အား သင်တန်းပို့ချခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)