ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့မဈေးတွင် Signal ရောင်းချနေသောကုန်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် မြို့နယ်တာဝန်ခံ ရုံးမှဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၃.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ် မြို့မဈေးတွင် ရောင်းချနေသောကုန်မျိုးစုံဆိုင်များတွင် Signal သွားတိုက်ဆေး အတုများရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ငပုတောမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချနေသော ဆိုင်များတွင် Signal သွားတိုက်ဆေးအတုများရောင်းချပေးနေခြင်းရှိ/ မရှိ သွားရောက်စစ်ဆေးခဲ့ရာ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် Signal သွားတိုက်ဆေးဘူးများ ပစ္စည်းပြတ်လပ်မှုကြောင့် ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)