ကျောင်းကုန်းမြို့နယ်၊ စားအုန်းဆီများ ရောင်းချသော ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ခြင်း

Powered by Drupal

           ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည်  ၂၀၂၅ ခုနှစ်၊ဇွန်လ (၂၀) ရက်နေ့၊ နံနက် (၁၀:၃၀)  နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်အတွင်းရှိ စားအုန်းဆီရောင်းချသော ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားအုန်းဆီရောင်းချသော  ကုန်စုံဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ဈေးနှုန်းမြင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ စားသုံးဆီချိန်တွယ်ရာတွင် အချိန်အတွယ်ပြည့်ဝစွာ ချိန်တွယ်ရောင်းချရန်နှင့် မိမိတို့ရောင်းချရန် ရရှိသည့်အရေအတွက်အား စားသုံးသူများသို့ အပြည့်အဝရောင်းချရန်နှင့် ရောင်းချမှုအခြေအနေများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)