ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းမြေမြှုပ်ပွဲအခမ်းအနားတက်ရောက်ကြည့်ရှုအားပေး

Powered by Drupal

         မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်း မြေမြှုပ်ပွဲ အခမ်းအနားကို (၂၀.၆.၂၀၂၅) ရက်နေ့တွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကိုင်းချောင် ကျေးရွာရှိ တောင်သူ ဦးအေးသောင်း၏ စပါးစိုက်ဧက(၄)ဧကတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။

             ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများထံသို့ ဆာဖိုးသာ-၁၊ ဆင်းသုခ၊ မှော်ဘီ-၃ မျိုးစပါးပေးအပ်ခဲ့ပြီးနောက် ယခုနှစ်သည် တိုင်းဒေသကြီးအနေဖြင့် မိုးစပါး ပန်းတိုင် အထွက်နှုန်ူး ရောက်ရှိရမည့်နှစ်ဖြစ်၍ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ တောင်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်း ကျော်တွင်  မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များ ထည့်သွင်း စိုက်ပျိုးလျက်ရှိပါကြောင်း၊ စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် ကြိုးပမ်း ကြစေလိုကြောင်း၊  သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာတိုးတက် ကောင်းမွန်လာမှု၊ ဓာတ်မြေဩဇာ များလျော့ချသုံးစွဲနိုင်မှု၊ အထွက်နှုန်းတိုးတက်လာမှုများအား နှစ်အလိုက်မှတ်တမ်းများထားရှိရန်နှင့် သစ်စိမ်းမြေဩဇာ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့ပြီး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်း မြှုပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)