
ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၏ လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်ပစ္စည်းများကိုသာရောင်းချရန် ပြောကြားဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးမှုတွင် ကုန်စုံဆိုင်များမှ ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများ၏ ကုန်ပစ္စည်းပေါ်တွင် စားသုံးသူပြည်သူများ နားလည်စေရန် မြန်မာဘာသာစကားဖြင့် ဖော်ပြထားမှု၊ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်း များကိုသာ ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာတီ)