မြန်အောင်မြို့ အ.ထ.က(ခွဲ)ရေနံမြေကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟော‌ပြောပွဲကျင်းပ

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၂၀.၆.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြန်အောင်မြို့၊ရှားတောရပ် ကွက်ရှိ အ.ထ.က(ခွဲ)ရေနံမြေကျောင်းတွင် ကျောင်းသား/ သူ (၁၂၀၀)ဦးအား လူငယ်ရေးရာ အသိပညာ ပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် အ.ထ.က(ခွဲ)ရေနံမြေကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြော ကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ Online လိမ်လည်မှုနှင့် Mobile ဖုန်းအန္တရာယ် အကြောင်း အသိပညာပေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က အစား အသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မုန့်နှင့် အစားအစာများ အန္တရာယ်ကင်းစွာ ဝယ်ယူစားသောက်နိုင်ရေး သတိပြုရမည့် အချက်အလက်များ၊  မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့်လူသုံးကုန်ပစ္စည်းများဝယ်ယူ အသုံးပြုရာ တွင် သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးများအကြောင်း အသိပညာပေးခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ လူကုန်ကူးမှု အဓိပ္ပါယ်၊ လူကုန်ကူးခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အမှိုက်ပုံးထားရှိမှုနှင့် စွန့်ပစ်ပစ္စည်းများအား စနစ်တကျ ခွဲခြားစွန့်ပစ်စေရေး အသိပညာပေးဟောပြောခြင်းများ    ဆောင်ရွက်ခဲ့ပြီး   နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဟောပြောပွဲကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)