စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက် ရှိရာ ၂၀.၆.၂၀၂၅ ရက်နေ့တွင် မအူပင်ဒု-ခရိုင်ခရိုင်ဦးစီးမှူးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍  မအူပင်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းတွင် အွန်လိုင်းစနစ် ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးခဲ့ကြောင်း သိရသည်။

         ဆွေးနွေးပွဲတွင် မအူပင်ပင်ခရိုင်ဦးစီးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်း၌ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ” အကြောင်းအရာများကို  ဆွေးနွေးခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့် စီးပွားရေးလုပ် ငန်းရှင်တိုင်း မှတ်ပုံတင်လျှောက်ထားပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းဥပဒေထဲတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို ထည့်သွင်း၍ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် ထုတ်ပြန်ထားပြီးပြီဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင် ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များ၊ အွန်လိုင်းမှတ်ပုံတင်ပြီး ရောင်းချရခြင်း၏ အားသာချက်၊ အားနည်းချက်အကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)